Thursday, July 14, 2011

ဝိဇယ ဒဿမီ


(“ဘယ်သူနဲ့မှ သွားမပြိုင်တဲ့သူ့” ကို

ဘယ်သူကမှလည်း ပြိုင်လို့နိုင်စရာ အကြောင်းရှိ)။

ဒါပေမဲ့ --

လူပေါ်ဦးစကနေ --

ဒီနေ့ပညာခေတ် (The wisdom age) ရောက်တဲ့အထိ -

အပြိုင်အဆိုင် အနိုင်တွေ လုကြရင်းပဲ.. .

စကြာဝဠာရဲ့ အဆန်းပြားဆုံးဖြစ်နိုင်တဲ့

- ‘လူသားဆိုတဲ့ ငါတို့ရဲ့ တရွေ့ရွေ့ဖြစ်စဉ်ဟာ

အိုးအိမ်က -- ပြည်ရွာ၊

ပြည်ရွာကနေ --- ကမ္ဘာ၊

စကြာဝဠာ -- -- ဟိုမှာဖက် -ဖောက်ထွက်အောင်မြင်

ခေတ်အလျဉ်ကိုကြည့်.. တိုက်ပွဲတွေက လိုအပ်တုန်းပဲတဲ့..

“ကိုယ်တိုင်က ချမ်းသာလိုရင်တော့..

သူများဆင်းရဲအောင် မကြံဆောင်ပါနဲ့” တဲ့..

အဲဒီ ဘုရားဟောဒေသနာတော်အရကတော့

မလွှဲသာလို့ပြိုင်ရတဲ့ အခြေဆိုက်ခဲ့ရင်တောင်

“အမွန်မြတ်ဆုံး စိတ်ဓါတ်နဲ့ပြိုင်” ….။

“အကောင်းဆုံးသော လုပ်ရပ်နဲ့ပြိုင်”….။

“မရိုးသားတဲ့စိတ်အခံနဲ့ -- ပြိုင်တဲ့သူဆိုတာ

မတိုက်ခင်ကိုက ရှုံးနေပြီးသား တိုက်ပွဲကို တိုက်တာသာဖြစ်တယ်’ တဲ့။

“ဘယ်လောက်အထိ အောင်မြင်ရွှင်ပြနိုင်သူပဲဖြစ်ပါစေ၊

နှလုံးသားမှာ စွန်းထင်းခဲ့ရင်

ရင်းတွင်းအနာ သေရာပါဟာ--- ဟိုးဖက်ဘ၀တွေ အထိ

ကပ်ငြိလို့ လိုက်ပါ..ဘယ်ခါမှ မငြိမ်းချမ်း။ ။”

“ရှုံးသူကို စာနာ”…

“လဲသူကို တွဲကူမ” ..

“ကိုယ်ရှုံးခဲ့ရစဉ်က ခံစားမှုနဲ့

ထပ်တူပြုလို့ ..ခံစား ပါလေ ” ။

နိုင်ငံရေး တိုက်ပွဲ.. သွေးရဲရဲ

လူမှုရေးတိုက်ပွဲ…သံရဲရဲ

ဘ၀တိုက်ပွဲ.. အသေအလဲ

ခလေးတွေရဲ့ ရန်ပွဲ .အလဲလဲ အပြိုပြို

တိုက်ပွဲမှန်ရင် -- - ယှဉ်ပြိုင်ရာကွင်း

ကောင်းခြင်းတစက် ရှာလျှက်မတွေ့ .။

အနှစ်နှစ် အလလ.. .. ဘ၀ါဘ၀တွေ ကတည်းက…

အနုသယကပ်ခို လူကိုဒုက္ခပေး

ပတ်ဝန်းကျင်ကို မီးလောင်တိုက်သွင်း

ကြီးနိုင်.. ငယ်ညှင်း

မကောင်းခြင်းအညစ်ထေးတွေရဲ့ သမိုင်းဟာ

ရင်လှိုင်းဆူရပ်တဲ့ ဒီနေ့..

တကွေ့အလှည့်မှာတော့…။

“လွန်ဆွဲနေလာခဲ့တဲ့ မတူညီမှုကြီးတွေပေါင်းစပ်၊

အမြတ်က အရှုံပြန်မဖြစ်စေရ။”

“အရှုံး.လည်းမခံ..

နိုင်ရန်လည်း အဓိကမဟုတ်၊”..

ကိုယ့်အလုပ်ဟာ အဟုတ်ပေါက်မြောက်

လိုရင်းရောက်ရင် တော်ပါပြီ

တို့ရင်ထဲတွေဆီက တိုက်ပွဲ။ သည်တိုက်ပွဲဟာ-- -

တကမ္ဘာလုံးက အရက်စက်။ အခက်ခဲဆုံး တိုက်ပွဲတွေထက်

ပိုမိုထန်ပြင်း ခက်ခဲခြင်းတွေရဲ့  အထွတ်အထိပ်။

ဒါပေမဲ့ 

ဒီနေ့တော့ဖြင့် အောင်နိုင်

သည်လိုအောင်နိုင်တဲ့ ရက်မြတ်

လေးမြတ်စွာ စွဲမှတ်ခေါ်ခဲ့ကြ

“၀ိဇယဒဿမီ”

မဇ္ဈိမဒေသ အန္ဒိယမှာပဲ အများအကျိုးနှင့်။ သာသနာတော် အရေးတခုတည်းအတွက် တသက်လုံးသီတင်းသုံး ပေးဆပ်တော်မူခဲ့ပြီး .. ပျံလွန်တော်မူခဲ့တဲ့ ကမ္ဘာ့ သာသနာပြု ကျေးဇူးရှင် ဆရာတော်ကြီး အရှင် စန္ဒြမဏိဘာဘာ (၁၈၇၆ - ၁၉၇၂) အား ကဗျာဖြင့် ဦးခိုက် ပူဇော်ပါတယ်။-

ဝိဇယဒဿမီ = အိန္ဒိယ သမိုင်းတွင် အသောကမင်းကြီးသည် ကလိင်္ဂတိုက်ပွဲတွင် သွေး,သံရဲရဲဖြင့် မြင်မကောင်း ရှုမကောင်းသေကြေပျက်စီးခဲ့ကြရပုံတွေကို သံဝေဂကျခဲ့ပြီးနောက် ဗုဒ္ဓဘာသာရင်ခွင်သို့ဝင်ရောက်သောနေ့ပင်ဖြစ်သည်။ ဤထူးခြား အမှတ်ရဖွယ် အောင်ပွဲနေ့ကို အထိမ်းအမှတ် သင်္ကေတ နိမိတ်ယူလျှက် -- ၁၉၅၄ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့မှာ့ ရခိုင်သာသနာ့အာဇာနည် ဆရာတေ် အသျှင် စန္ဒြမဏိဗာဗာအထံမှာ တိုစဉ်ကအိန္ဒိယ တရားရေးဝန်ကြီး ဒေါက်တာ အမ်ဘေဒကာ ခေါင်းဆောင်တဲ့ ဇာတ်နိမ့်လူထု ငါးသိန်းခန့် ဟာ နာဂပူမြို့၊ ဒိက္ချဘူမိ ပရိဝုဏ်မာ ဗုဒ္ဓဘာသာအဖြစ်ခံယူ ကူးပြောင်းဝင်ရောက်ခဲ့ကြပါတယ်။ အဲဒါကြာင့် အိန္ဒိယ ဗုဒ္ဓဘာသာလူ့ အဖွဲ့စည်းကြားမာ “၀ိဇယ ဒဿမီ” လို့ ပြောရင် မဟာရကြီးကျယ်တဲ့ အောင်နိုင်မှု (ဒါမှမဟုတ်) မိမိရင်တွင်းမှာ လွန်ဆွဲနေတဲ့ အကြီးဆုံးတိုက်ပွဲကို အောင်နိုင်တဲ့နေ့၊ တနည်း..အဖိနှိပ်ခံဘ၀က အပြီးတိုင် လွတ်လပ်တဲ့နေ့။ အငြိမ်းချမ်းဆုံးသော အထွတ်တင် ငြိမ်းချမ်းရေးအောင်မြင်မှုဆိုတဲ့ အဓိပ္ပါယ်နဲ့  တွင်ကျယ်.. မြတ်နိုးသုံးစွဲကြဆဲဖြစ်ပါတယ်။

ရုရှက မဟာ အောက်တိုဘာတော်လှန်ရေးအောင်ပွဲနေ့နဲ့ တိုက်ဆိုင်တဲ့ အဲဒီနေ့ဟာ အိန္ဒိယ ပြက္ခဒိန်တွေမှာတော့ လ တစ်လရဲ့  ဆယ်ရက်မြောက် ကြုံခဲ့တဲ့ နေ့ တနေ့ပဲဖြစ်ပါတယ်။

(၀ိယဇယ = ထူးခြားလေးနက်တဲ့ အောင်နိုင်မှု +ဒဿမီ =လ္ဆန်းပက္ခဆယ်ရက်မြောက်ရက် )

Reff: Buddhism in India after Dr.Ambedkar (1956 – 2002) by D.C. Ahir

Dr.Ambedkar concentrated all his attention on the plans for the Deeksha Ceremony. Thoughtfully he selected Nagpur as the site for this historic event, and requested the Most Venerable U. Cahandramani Maha Thera of Kushinagar, the senior –most Buddhist monk in India, to lead him to the blessed religion of the Buddha at Nagpur on 14 October 1956. This day was the auspicious day of Vijaya Dashami, the day on which Asoka the Great had embraced Buddhism in the third century BC, and declared that thenceforth he would conquer the people by love and persuasion, instead of by force, thus giving it the title of ‘Dhamma Vijaya’

အသျှင် အရိယ၀ံသ။ နာလန္ဒာ

အပြည့်အစုံသို့

Wednesday, February 23, 2011

အလင်းဖျော့ချိန်


ဝေဒနာ ရောဂါတွေ အထဲမှာ မှ

ငတ်မွတ်မှုနဲ့တောင့်တခြင်းက

ထင်ထင်ရှား အဆိုးဝါးဆုံး ထင်ပေါ်လွန်းလှတယ်။

အတူနေ အိမ်သူ လွန်ပဲ့ပြီးနောက်

တီတီတာတာတစ်ဦး တစ်ယောက်မှ

ကျုပ်အနားနား ရောက်မလာကြဘူး။

ကျုပ်သွေးနဲ့ ဆောက်တည်ခဲ့တဲ့ အာရုဏ်ဦး အလင်းတွေ

ကျုပ်ချွေးနဲ့ ပိုက်ထွေးခဲ့တဲ့ ပိုးစုန်းကြူးလေးတွေ

ပိုင်သူအစုနဲ့ ဖွဲ့သီ ဆိုင်သူကျုပ်ကျ

ငြီးငွေ့မှုနဲ့ မိုးချုပ်လို့။

ခရောင်းလမ်း လောကဓံတရားကို ကိုယ်စားပြု

ဝတ္တရားတစ်ခုအဖြစ် ဖြတ်သန်းလွန်မြောက်ပြီး

နွေဦးပေါက်ကာမှ ဒီသစ်ခြောက်တစ်ပင် အဖို့

ထင်းခြောက်အဖြစ် လောက်တောင်

ကောက်သိမ်း စောင့်ရှောက်မယ့်သူ မဲ့ရသလား။

ဒီနှစ်ပေါင်းတွေမှာ ထုပ်တန်းပေါ်က

စုတ်သပ်နေမြဲ အိမ်မြှောင်တစ်ကောင်ရဲ့ အသံလေးက

သူတို့ အသံ……..

မြေနီလမ်းက ဒုံးစိုင်းပြေးလာနေတဲ့

ဖုန်လုံးတွေက သူတို့တွေများလား၊

အမှတ်သညာမရှိ လက်ရှိကို အမှတ်မှားနေတုန်း။

နှစ်ပေါင်း၆၀ကျော် လည်ပတ်ခဲ့ပြီးတဲ့

တိုင်ကပ်နာရီတစ်လုံး အတွက်

နောက်တစ်ရက် နေ့စွဲ မလိုအပ်ဘူး။

မိုးချုပ်လုပြီး……

ကျုပ်အတွက် ရွှေမလိုဘူး၊ ငွေမလိုဘူး

အဝေးက ချည်ထည်ဆေးစုံ မုန့်ပုံးတွေထက်

အနားက ရေတစ်ခွက်ကို တရှိုက်မက်မက် တပ်မက်နေတယ်။

ကျုပ်က ညခရီးကို ဖြတ်သန်းနေတဲ့

ကန္တရ ခရီးသည် ။

အပြည့်အစုံသို့

Saturday, January 1, 2011

ခြေရာမထပ်တဲ့လမ်း

အ၀ိုင်းနှင့် လေးထောင့်ဆိုတာက
မွေးရာပါ ပကတိစရိုက်ချင်းကို တူကြတာမဟုတ်။
ဒါပေမဲ့
ကျောင်းစာထဲ မပါခဲ့တဲ့အရာတွေကိုချည်း ဖြတ်သန်းလို့
ကြီးပြင်းရင့်ကျက် လာတာနဲ့အမျှ
ပတ်ဝန်းကျင်မျိုးစုံမှာကျင်လည်၊
သံယောဇဉ်ဆိုတဲ့ ကြိုးတွေနှောင်ဖွဲ့၊
ငါဆိုတဲ့ ဇာတိ ပြခွင့်ကိုမရှိပဲ လူ့အဆင့်တန်းမီရေး
လူရာဝင် လူတွင်ကျယ်ဖြစ်ဖို့ တိုးရင်းဝှေ့ရင်းနဲ့
ပတ်ဝန်းကျင်ကဘဲပိုင်ဆိုင်တဲ့
ပီဘိ ရုပ်သေးရုပ်လေး ငါ ဖြစ်မှန်မသိ ဖြစ်ပါပေါ့လား။

ဒီလိုနဲ့ --
ရေပွက်တမျှ တဒင်္ဂ ဘ၀ဆိုတဲ့သက်တမ်းတိုထဲမှာ
သံယောဇဉ် အမြစ်အမွှားတွေက
ပုံစံမျိုးစုံနဲ့ ယှက်နွယ်ထားတဲ့ လူ့အသိုက်မြုံထဲ
ကိုယ့်လူရင်းတွေထဲကယောက်ကို
အောက်တန်းကျလုပ်ရပ်တစ်ခုခုနဲ့
လပ်ပူးလက်ကျပ်မိတဲ့အခါ မကျေနပ်တဲ့
ကရုဏာ ဒေါသသံယောဇဉ်ကြိုးက လှုပ်ခါသွား။
အလားတူပဲ…….
တခြားတယောက်ကတော့
လောကအတွက် ကိုယ်ကျိုးစွန့်သတဲ့
သင်းပြန့်တဲ့ သည်လိုရနံ့မျိုး ရှူရှိုက်ရခိုက်မှာတော့
ရင်ထဲမာ ၀မ်းသာချမ်းမြ အားကျအူးမြူး
မေတ္တာသံယောဇဉ်ကြိုးက ထူးလို့ခိုင်မာသွားပြန်ရော။
ဒီလိုနဲ့ပဲ --
လောကထဲက အပြတ်ချဲလို့
သံယောဇဉ် အမြစ်ဆွေးဖို့ လမ်းစကဖြင့် ခုထိမမြင်၊
မွေးသေစာရင်း ပယ်ဖျက်လို့
ဟိုး…မှန်းဆရခက်တဲ့ လောကမိုးကုတ်စက်ဝိုင်းအဆုံးထိတိုင်
မယိမ်းမယိုင် ခြေလှမ်းကျဲတွေနဲ့
လှမ်းထွက်ဖို့ အစပျိုးမှာပဲ
လမ်းပျောက်ချင်တဲ့ လူသားတစ်ဦးအဖို့တော့
ဗုဒ္ဓရဲ့ မဂ္ဂကျင့်စဉ် လမ်းတသွယ်သည်သာ
ပြေလွင် ချောမွတ် ခြေရာမထပ်တဲ့လမ်း
ခရီးက ဝေးလှမ်းသေးပေမဲ့လည်း
ကြားစခန်း ဒီခဏမှာကို
ဘ၀အနွမ်းတွေ ကွန်းရိပ်ခိုလို့
လွမ်းစိတ်တွေကို သိမ်းတတ်ခဲ့ပြီဆိုရမလားပဲလေ။ ။
စရိယ
မှတ်ချက်။ ။ ဆရာတော်ဦးအရိယာဝံသ တည်းဖြတ်ပြင်ဆင်ပေးသည်။

အပြည့်အစုံသို့

Thursday, December 9, 2010

O’ Mom
* Mon……..,
• Song of Mother in an unfull Life,
• Defying and repulsing to
• Worldly difficulties ,
• Is seeing some of image of
• My expectation .. Mon…….

* Mon…….,
So ,
Across effect , matters ,
Evil and good of the world,
I’m trying hard to be
Successfull in everything
Because of Mother , Father ,
Family and my native –country.

* That so, Mother …,
Hope and wait way
Which come back of
Your son.. Mon………..

Written by
Ashin Dhammapiya
(Bone Naing Lin, Pannya Myay)
Magadh University, India

အပြည့်အစုံသို့

စံ တော်ဝင် လက်

ရွှီဝတ်လက် ငွီဝတ်လက်..
ပဒမြားဝတ်တေလက်..
လက်တိစုံရေ ဒေလောက
ပင်မြင့် စံရှင် ပန်းသခင်ကို
ဝတ်ရေလက်လည်း ရှိဂတ်ယင့်………
တော်ဝင်နန်းထိုက် သဇင်စိုက်လို့
ကိုယ့်လက်ကိုကိုယ်
အလှဆင်မယ် သူငယ်ချင်း……..

ဆွေသဟာ
မဂဓတက္ကသိုလ်

အပြည့်အစုံသို့

မီးအိမ်နဲ့ ကျွန်တော်

* အမိုးလေးတွေ ခပ်ကျဲကျဲ
တဲအိုပျက်ထဲ အတွေးလေ
လေတွေက တသောသော
ဟော………
လမိုက်ညလေး သန်းခေါင်ယံ
မိုးမှောင်တွေကျတဲ့ ညတုန်းကပေါ့….
မီးအိမ်ရယ်, ကျွန်တော် ရယ် နှစ်ဦးသား
ငုတ်တုတ်လေးထိုင်ရင်း……….။

* ဖပ်ကြမ်းဆေးလိပ်တစ်လိပ်
လဘက်ရည်ကြမ်းတစ်ခွက်နဲ့
ဘ၀ဇာတ်ကားမှာ ပျော်မွေ့
လမ်းဆုံးကို မတွေ့နိုင်သေးပါဘူး…။

* ဗျာပါရတွေ လောင်ကြွမ်း
သောကတွေ လွှမ်းမိုးလို့
တစ်စုံတစ်ရာ အတွေးတွေက
စိတ်ကူးထဲဝင်လို့ခို
အလိုလိုမျက်ရည်ကျခဲ့သေးတယ်လေ…………။

* လူနေမှုအခြေအနေတွေ
အလွှာဓနတွေ, ပကာသနတွေကွာခြား
ကြေကွဲခြင်းများစွာနဲ့
ယိုဖိတ်ခဲ့တဲ့မျက်ရည်လေးတွေပါ။

* ဒါတွေကိုနားလည် သယောင်ယောင်
မီးအိမ်ရောင်အလင်းစ တွေက
ဟိုရွေ့ , ဒီရွေ့
ခေါင်းညိတ်သလိုလို
“ အပိုတွေ မတွေးနဲ့
ဟေ့…… လူလေး
မငိုပါနဲ့….ငိုပါနဲ့ကွယ်တဲ့” တဲ့ ။ ။ ဘုန်းနိုင်လင်း (ပညာမြေ)
မဂဓတက္ကသိုလ်၊ အိန္ဒိယ

အပြည့်အစုံသို့

Tuesday, October 12, 2010



မြတ်ဘုရား၏
ဇာတိချုပ်ရာ၊ ကုသိနာရုံ
“စံရာ” ဒေသ၊ ဖူးရောက်ရခဲ့။
ရွှေရည်အတိ၏
ပျောင်းအိခွေလျ၊ ချုပ်ညရီမှောင်
သလွန်ညောင်စောင်း၊ ဗုဒ္ဓလျောင်းစက်
ငြိမ်သက်အေးချမ်။ မျက်နှာနွမ်းယော်
ရုပ်ပွားတော်၏၊ ခြေတော်အစုံ
ကြာငုံလက်ထိ၊ ဖူးသည့်ခိုက်မှာ - - - -။

သံဝေဂပွား
ခံစားရင်ထဲ၊ ကြေကွဲလှဘိ
ဗုဒ္ဓ၏“ခြေတော်”မှာ - - - - - - - -
အနာနစ်ခံခြင်း၊ စွန့်လွှတ်ခြင်းများ
အများကောင်းကျိုး၊ သယ်ရွက်ပိုးမှု
တန်ဖိုးအနန္တ၊ ဆိုဆုံးမမှု
လှမ်းကြွတိုင်းမှာ - - - - ။
ခြေတော်လှမ်းရာ၏
သာသနာအရှည်၊ တည်တံ့စေဟု
ဘာသာအမွေ၊ ခံထိုက်စေဟု
ဓမ္မက္ခန္ဓာ၊ ပြန့်ပွားရာဟု
မဟာကရုဏာရှင်၏ စေတနာ။

နွယ်(စစ်တွေ)

မှတ်ချက်။ မဇ္ဈိမအလင်းရောင်မဂ္ဂဇင်းမှ ဖေါ်ပြလိုက်ပါသည်။

အပြည့်အစုံသို့